အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်းတဲ)သည် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် တည်ရှိပြီး ရန်ကုန်မှ (၂၇၂)ကီလိုမီတာ အကွာတွင် တည်ရှိပါသည်။ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ သင်တန်းကျောင်းများကြီးကြပ်ရေးဌာန လက်အောက်ရှိ သင်တန်းကျောင်းတစ်ကျောင်းဖြစ်ပါသည်။


အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)ကို ၁၉၇၉ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်ကြားမှုအထောက်အကူပြု စက်ပစ္စည်းကိရိယာနှင့် နည်းပညာများအတွက် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ၏ အထောက်အပံ့ကို Garman Agency for Technical Cooperation – GTZ ယခု German International Development Cooperation – GIZ အဖွဲ့အစည်းက စက်မှုဝန်ကြီးဌာနနှင့် အတူ ၁၉၇၇ ခုနှစ်မှ စတင်၍ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။


အမှတ်စဉ်(၁) သင်တန်းကို (၁-၁၂-၁၉၇၉)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားပညာရှင်များ (၄)နှစ်ခန့် နေထိုင်၍ လမ်းညွှန်မှုများ၊ သင်ကြား ပြသမှုများ ဆောင်ရွက်ခဲ့ပါသည်။ စာတွေ့ဘာသာသင်ကြားမည့် မြန်မာနည်းပြများအား (၁)နှစ်စီဖြင့် လည်းကောင်း၊ လက်တွေ့ ဘာသာသင်ကြားမည့် နည်းပြများအား (၂)နှစ်စီဖြင့်လည်းကောင်း ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံတွင် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။


သင်တန်းများကို အမှတ်စဉ်အလိုက်ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းအမှတ်စဉ်(၁)မှ အမှတ်စဉ်(၁၅)အထိကို (၃)နှစ်သင်တန်းအဖြစ်လည်းကောင်း၊ သင်တန်းအမှတ်စဉ်(၁၆)မှ အမှတ်စဉ်(၂၇)အထိကို (၂)နှစ်သင်တန်းအဖြစ်လည်းကောင်း၊ သင်တန်းအမှတ်စဉ်(၂၈)မှ ယခုအချိန်အထိ (၁)နှစ်သင်တန်းအဖြစ်လည်းကောင်း ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။


အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)ကို ခေတ်ကာလနှင့်လျော်ညီစွာ အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်းများကို ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းမှ နည်းပညာအထောက်အပံ့ကို လည်းကောင်း၊ KfW Development Bank မှ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ကိုလည်းကောင်း ဆောင်ရွက်လျက်ရှိပြီး GIZ မှ စေလွှတ်သော ဂျာမန်ပညာရှင်များ စက်မှုသင်တန်းကျောင်း(ဆင်တဲ)တွင် (၂)နှစ်ကြာနေထိုင်ပြီး နည်းပညာ လွှဲပြောင်းခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများကို သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ ချိတ်ဆက်ပို့ဆောင်ပေးလျက်ရှိရာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော သင်တန်းများကို အောက်တွင်ဖော်ပြထားပါသည် -


စက်ကိရိယာကိုင်တွယ်မောင်းနှင်မှုသင်တန်း (Machine Tool Operator Course)

ကိရိယာနှင့်ပုံနှိပ်ပုံပြုလုပ်သူသင်တန်း (Tool and Die Maker Course)

စက်ရုံပစ္စည်းဖစ်တာသင်တန်း (Machinery Fitter Course)

မော်တော်ယာဉ်မက္ကင်းနစ်သင်တန်း (Motor Vehicle Mechanic Course)

လျှပ်စစ်ပညာသည်သင်တန်း (Electrical Fitter Course)

လျှပ်စစ်ပစ္စည်းထုတ်လုပ်သူသင်တန်း (Electrical Machine Maker Course)

သွန်းလောင်းပုံသွင်းပုံစံထုတ်လုပ်သူသင်တန်း (Pattern Maker Course)

စက်မှုပုံဆွဲသင်တန်း (Mechanical Draughtsman Course)


(1) Machine Tool Operator Course

(2) Tool and Die Maker Course

(3) Machinery Fitter Course

(4) Motor Vehicle Mechanic Course

(5) Electrical Fitter Course

(6) Electrical Machine Maker Course

(7) Pattern Maker Course

(8) Mechanical Draughtsman Course

(၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေလဲနှုန်း

Name

Email Address

Course of Interest

Message